Skip to main content

စာနာစိတ်

 စာနာစိတ် .......... စာနာစိတ်  ဆိုသည်မှာ ဝယ်  စရာလည်းမလို တောင်း  စရာလည်းမလို ကမ္ဘာပတ်ကာ  ရှာဖွေစရာလည်းမလို။ ငါသာ  သူနေရာမှာ  ဆိုခဲ့ရင် နှလုံးသားက. ဒီအတွေးလေးတစ်ခုတည်းနဲ့ စာနာစိတ်  မြောက်ပါတယ်။ Credit #

ညီမလေး မမမြင့်

မြောက်ကျွန်းသူ အတုလကာရီရဲ့

တစ်စလယ်ဝင် ထမင်းအိုးလေးဟာ

ရဟန္တာအပါး ၅၀၀ ကို

ဆွမ်းကပ်လှူနိုင်သတဲ့ကွ  •••


ညီမလေးမမမြင့်ရဲ့

ရွှေသားသံယောဇဉ်ကလည်း

ကိုယ့်ဘဝတစ်ခုလုံးကို

ကျန်းမာဝေဆာအောင်

ကဗျာဆရာဖြစ်အောင်

ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်။


ညီမလေး မမမြင့်ရေ

မမြဲတဲ့ အနိစ္စတရားက မြဲလွန်း

တို့တွေ မောင်နှမလို နေကြမယ်ကွယ်။


သူငယ်ချင်း သုခမိန်ရေ

မင်းက ပဏ္ဍိတလမ်းမှာ နေတယ်

မင်းက သုခမိန်လမ်းမှာ နေတယ်ဆိုတော့

ငါ့အတွက် အင်နာဗွန်စီရယ်

အသည်းဆေး လစ်ဗိုလင်ရယ်

အင်နာဗွန်စီရယ် ဝယ်ဖို့

မြန်မာကျပ်ငွေ တစ်သောင်း အမြန်ပေးပါကွယ် .  .  .။


ညီလေး မောင်ပြည့်မင်းရေ

မင်းရဲ့ နောက်ဆုံးဒြပ်စင်ထဲက ဇာတ်လိုက်ဟာ

ငါပေါ့ကွာ

နောက်ဆုံးလက်ကျန် အရက်တစ်ခွက်ကို ငြင်းဆို

သီချင်းဆိုပြီး ပြန်ခဲ့တယ်

မင်းဟာ နာမည်နဲ့လိုက်အောင် ပြည့်ပြီး

မင်းဟာ နာမည်နဲ့လိုက်အောင် ပြည့်သူပါကွာ

ခုတော့ ဥက္ကလာဟိုးမားမှာနော်။


ငွေကြာယံက ဇိမ်ခံတိုက်ကြီးနဲ့ သူငယ်ချင်း

ကိုကျော်လှိုင်ရေ

ကဗျာ အင်ဂျင်နီယာရင်းမှာ

ခင်ဗျားက 

ကမ္ဘာခြားရဲ့ အသင်းဝင်တစ်ဦးပါ။


ငါ့တူလေး လူဆန်းရေ

မင်းကတော့ မော်တော်ဆိုင်ကယ်လေးတစ်စီး

စုန်ဆန်လို့ ပဲခူးနဲ့ ပုဂံစုန်ချည်ဆန်ချည်

ဗျတ္တရဲ့ ပန်းဆက်လမ်းမှာ

မင်း ပန်းတွေ ဘာတွေဆက်ခဲ့ရဲ့လား

𝐌𝐨𝐮𝐧𝐭 ပုပ္ပါးရဲ့ နေဝင်ချိန်တွေ

သိပ်လှတာပဲကွယ်။


တောင်ဆီမှာ မိုးတွေညို့ရင်

မောင်ဖီလာရယ် ငါ့ကို ပဲခူးကိုပို့ပါကွယ်

ရေထဲမြို့ကလေးက ညီလေး မောင်သက်ငြိမ်ရယ်

မင်းရဲ့ ကရင်ရွာက ဘုရားကျောင်းမှာ

ခေါင်းလောင်းသံလည်း မကြားရကြာပြီ

မင်းညီမလေးနဲ့ သမီးလေးရော နေကောင်းရဲ့လားကွာ

သော်ကဘုရားကြီးလည်း ဖူးချင်တယ်

ဝါးခယ်မဘုရားကြီးနဲ့ ပြန်မလော့မြစ်မှာ ရေချိုးချင်တယ်

လမုသီးလေးနဲ့ တောအရက်လေးကိုလည်း ဆန္ဒ္ဒပြင်းပြင်းရှိတယ်

ပြန်မလော့မြစ်ရဲ့ နေဝင်ချိန်လေးကို ရှု့စားချင်တယ်

ယောက်ျားချင်းအချစ်နဲ့

ယောက်ျားချင်း အချစ်ရှိခဲ့တယ်ဆိုရင်

အဲဒီဗိုင်းရပ်စ်ပိုးကို ငါအရင်တွေ့ရှိတာပါကွယ်။


မုံရွာက တင်ကိုကိုရေ

မင်းအရင်လို အချစ်တွေ ငါ့အပေါ်ရှိသေးရဲ့

ငါလာခဲ့မယ်ကွယ်။


မုံရွာက အညာသားလေး မင်းဆွေနှစ်ရေ

မင်းရဲ့ စူပါရုဖ်ကားလေးနဲ့ ငါ့ကို

မုံရွေးကြေးမုံကို ပို့ပါကွယ်

အဲဒီမှာ ဆရာကြီးမှိုင်းရဲ့ တော်လှန်ကဗျာတွေ ရှိတယ်ကွဲ့

တော်လှန်ကဗျာဆရာကြီး

တော်လှန်သောကဗျာတွေ အပွင့်ဆန်း

ချောင်းနံဘေးမှာ အောင်ချမ်းသာ ဆီးသီးလေး ဘာလေးစားရင်း

သူများ မကောင်းကြောင်း ကိုယ့်မကောင်းကြောင်း

ကမ္ဘာ ကြီးမကောင်းကြောင်းတွေ ပြောကြတာပေါ့ကွာ။


အနီးစခန်းက ညီလေး မြတ်ဇော်ဦးရေ

မင်းရဲ့ ဂန္ဓာမာပန်းခြံထဲမှာ ဂစ်တာတစ်လုံးနဲ့

မာယာကော့စကီရဲ့ ကဗျာတွေ ရွတ်ရင်း

ကဗျာဆရာ ကွယ်လွန်ရင်

ကဗျာနဲ့ သရဏဂုံတင်ရတယ်ဆိုတာ

ငါပြောခဲ့တယ်လေ 

မင်းကောင်းကောင်း မှတ်မိမှာပါ ။


ဒုဋ္ဌဝတီမြစ်ကမ်း နံဘေးက

ကြွက်နဖားတောင်ကြီးရဲ့ နေဝင်ချိန်က သိပ်လှတာပဲကွယ်

ကင်မရာမင်းလေး မောင်စိုးရဲ့

ကြွက်နဖားတောင်ကြီးရဲ့ နေဝင်ချိန်တွေကို

မင်းရဲ့အလှဆုံးရိုက်ချက်နဲ့ ရိုက်ခဲ့တယ်နော်

ငါ ကောင်းကောင်းမှတ်မိပါတယ်

နေဝင်ချိန် တိမ်တောက်လို့

ပျိုကြောက်ပါတဲ့ ဒီအချိန်ဆိုသီကာ

လှည်းယဉ်ကြော့လေး မောင်းလို့

တောသူမလေးရဲ့ ရင်သိမ့်တုန်သံမှာ

တို့ရဲ့ သောတာရုံမှာ လွတ်လပ်ငြိမ်းစေခဲ့တယ်နော်။


ကိုသန်းထွန်း မုံရွာမီးရထား သံလမ်းနံဘေးက

လက်ဖက်ဆိုင် ကဖေးဆိုင်လေးမှာ

ရဲခဲ့ဘိ အစဉ်အလာနဲ့ အလံလွှင့်ထူ

ခင်ဗျား လက်နက်မချသေးဘူး မဟုတ်လား

ကျုပ် ဂုဏ်ယူတာ 

ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ

ငုယင်ဗန်ထရိုင်း

အတိုင်းမသိတဲ့ တိုက်ပွဲမှာ ခင်ဗျားပါဝင်ခဲ့တယ်နော်

ဗိုလ်အောင်ကျော်

အို ••• ဟယ်ရီတန်

စီးအန်ပွက်ပွက်

သင့် သွေးစက်သည်

ခေတ်သစ်ဆီကို ရော်ရည်နိုင်စေသတည်း ။


မီးလိုပူကြွ ငါ့ရင်ဝက

တသခဲ့တဲ့ ငါ့ရင်ဝက တသခဲ့တဲ့ကဗျာ

အို ••• ဂျိုးဖြူရယ် ကူပါ့သံတွေ

လူ့မြေလှပစေလော့

ငါ့ရင်ဝက တသခဲ့တဲ့ကဗျာ

အော့ဇဝစ် အကျဉ်းစခန်းက

ညီသူငယ်ချင်း တင်အေးကြူ  မောင်မှိုင်းလွင်ရေ

ခင်ဗျားရဲ့ ချစ်သူညီမလေး ခင်မိုးကျော်

ရွက်ကြွေတောအုပ်နဲ့ မိကျောင်းရဲ့ သုသာန်လေးက

စောင့်နေတယ်လေ

ခင်ဗျား လွမ်းသူ့ပန်းခွေချဖို့ ပြည်ကိုလာခဲ့ပါဦး

နှလုံးသားနဲ့ တည်ဆောက်ခဲ့ရတာက

ခေတ်ရယ်၊ ကမ္ဘာကြီးရယ်ပါ

ဒါပေမယ့်

ကမ္ဘာကြီးက ပြားပါတယ်ဗျာ။


ပင်လယ်ရေပြင် အမြင့်ပေ သုံးသောင်းကျော်က

ညီလေး မူးမူးရယ်

မင်း အနုပညာမှော်တွေ အောင်ခဲ့ပြီကွာ

မင်း ပထမကျော်တွေလည်း ရခဲ့ပြီကွယ်

သူငယ်ချင်း မင်းသစ်ရယ်၊ ရှယ်လီထွားရယ်

ကျွန်တော်တို့တစ်တွေ ဂစ်တာလေးတစ်လုံးနဲ့

ကျွန်တော်တို့တစ်တွေ ဂစ်တာတီး တေးဆိုကြမယ်ဗျာ

ဤ အိမ်တော်မှာ ကောင်းခြင်းမင်္ဂလာ ပြည့်စေသတည်း

ဤ အိမ်တော်မှာ ငြိမ်သက်ခြင်းလည်း ရှိပါစေပေါ့

ပျော်ရွှင်ခြင်းလည်း ရှိပါစေပေါ့။


တောင်သမန်အင်းက လေညှင်းရယ်ဆော်

မောင်ပေါက်စီ မန်းတက္ကသိုလ်ရယ်

အိုင်ဗင်နော့ရယ်

ကျွန်တော်တို့တစ်တွေ တောင်သမန်အင်းမှာ

ငါးကြော်နဲ့ ထမင်းစားကြမယ်

ပြီးရင်

ဟောဒီလို တေးသီကြမယ်ဗျာ

ဟောဒီလို တေးသီကြမယ်ဗျာ

"ငါသည်  မှန်သော  စပျစ်နွယ်ပင်ဖြစ်သည်

ငါ့ခမည်းတော်သည်  ဥယျာဉ်မှူးဖြစ်ဖူးပြီး

အသီး မသီးသော အခက်ရှိသမျှ ခုတ်မည်တည်း

အသီး သီးသော အခက်တို့သာ တည်စေတော်မူသတည်း"

သုံးကြိမ် သုံးခါ ဆိုပြီးသကာလ ငါးကြော်နဲ့ အင်းဘေးမှာ

ထမင်းကြော်  လွေးကြတာပေါ့ဗျာ။


သြော် ••• မောင်နွေထက်ကလေးကိုလည်း

သူ့  ငှက်ပျောဖက်ကလေး ခင်းကျင်းဆိုကာပေါ့ဗျာ

မြစ်ကြီးနားမြို့က လအောင်ရယ်

ဗြိတိသျှခေတ် စပုတ်တိုင်ကားကလေးနဲ့

မေခ မလိခ မြစ်နှစ်သွယ် ချစ်ကြိုးသွယ်ရာဆီ

သွားကြမယ်ကွယ်

မလိခရေစပ်က တောင်ဆိတ်ကလေးတွေကို

ရှု့စားမယ်

မြစ်မင်း ဧရာဝတီရဲ့ တေးသီသံကို

နားသောတ ဆင်ကြမယ်ပေါ့ဗျာ

မလိခရေစပ်မှာ တောအရက် (ခေါင်ရည်) ပုလင်းလေး

ငါးလုံး

ငါးဆိုတာ ပဉ္စ၊ ပဉ္စဆိုတာ ဆေးဖက်ဝင်တယ်လို့

ခင်ဗျားတို့ သိကြမှာပါဗျာ။


သူငယ်ချင်း သုခမိန်ရေ

သီချင်းရဲ့ လပေါ်က ဘီယာဆိုင်ကို သွားကြမယ်

အဲဒီမှာ

တောအရက် ငါးပုလင်း

တောင်ဆိတ်သား ငါးကောင်

ငါးကင်၊ ဒိန်ခဲ၊ ကြက်ကင်နဲ့ ကဗျာတွေ

ရွတ်ဖတ်သရဇ္ဈယ်ကြမယ်

ပျော်တယ်ဗျာ

ညီမလေး မမမြင့်ရယ် မောင်နှမလိုနေကြမယ်ကွယ်

ခေါ်မယ်နော် 

အကိုနဲ့ ညီမတွေကိုခေါ်မယ်

ညီနဲ့ ညီမတွေကိုခေါ်မယ်

အားလုံးပဲ ပျော်ကြမယ်


ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးပွဲတော်

ခေါ်မယ် ခေါ်မယ် ပျော်မယ် ပျော်မယ်

အားလုံးပဲ ပျော်ကြမယ်

ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးပွဲတော်

အစ်ကိုတို့ရေ အရပ်ကတို့ရေ

ဘုရားဒကာပါ ဘုရား

သနားမညှာတာ မလုပ်လိုက်ပါနဲ့

ဘုရားဒကာပါ ဘုရား

ဒုက္ခိတနဲ့ နာတာရှည်ပါ ဘုရား

မသနား မညှာတာ မလုပ်လိုက်ပါနဲ့

တောင်စွယ်နေကွယ်ရင်ကွယ်

ရွှေဓါးဆွဲကာ သတ်မယ်တဲ့

တကယ်ပါပဲဗျာ လူ့ဘဝကြီး အကြီးအကျယ်မုန်းစရာ

ကျုပ်ဖြင့် အလွန်မုန်းသဗျာ

အာဂျန်းဆိုတဲ့ သွားအဖွေးသားနဲ့

ငါ့ ကလေးလေးရေ

မင်းဟာလေ နတ်သားလေးပါပဲကွယ်

ညီမလေး မမမြင့်ရေ

မမြဲတဲ့အနိစ္စတားက မြဲလွန်း

တို့တွေ ရှုံးလွန်းလှတယ်ကွယ်

ညီမလေး မမမြင့်ရေ

လေးစားပါတယ်၊ ဂုဏ်ယူပါတယ်။


(ခ)


ငါ ဖွဲ့ဆိုစပ်သီတဲ့ ကဗျာလေးတွေသာ သီဆိုပါ

သုခစာပေတိုက်က ညီလေးမောင်သီဟရေ

မင်းဟာ ကေသရာဇာပါ

ငါ့ ကဗျာလေးတွေကို မျှဝေခံစားကြပါ

မြို့သစ်က တိုးနှောင်မိုးလေးရယ်

မောင်စွမ်းသာရယ်

ကောင်းဟန်

မိုးသောက်ကြယ်ရယ်

ငါတို့တွေ အိမ်ရှေ့မင်း ထန်းတောမှာ

ဗယာကြော် စားသုံးရင်း ဘေးဘယာတွေ ကျော်ရမှာပေါ့

နာကျင်တာ ဒဏ်ရာပေါ့

ဒဏ်ရာဆိုတာ ကဗျာ

ဒဏ်ရာဆိုတာ သစ္စာတရား

ဒဏ်ရာဆိုတာ ချစ်ခြင်းမေတ္တာ

လောကကြီးကိုတော့

ဥပေက္ခာ ရေပိုင်နက်ထဲမှာ

ငါးမန်းစာ ကျွေးတာပေါ့

အဝိဇ္ဇာဆိုတာ အင်မတန် ခွင်အားရှိလေရဲ့

သူတို့တစ်တွေ ဆာလောင်နေကြပြီ။


ပဲခူးမြရေ

မြကလေးရဲ့

ရှိုးပြတယ်လို့ မဖြစ်ချေဘူး

ပျိုးချသမျှဟာလည်း

ပိုးကျလို့ နေချေပေါ့

ပိုးကျလို့ နေချေပေါ့

ကဗျာ ဒီလန်သောမတ်တို့

ကန်မ်တာကလော့တို့

ဆယ်ဗယ်လာပလပ်တို့

တက်ဒ်ဟူခ်ျတို့

ဟေးမတ်ရှေနီတို့

အော်ဒင်တို့ မင်းကလည်းကွာ

ယောက်ျားဧကန်စစ်စစ် ဖြစ်လျက်သားနဲ့များ

ဖင်လေးရတယ်


ဂျန်အံ့ဒင်းဗားရေ

မင်းရဲ့ ချစ်သော မြစ်ကြီးရော

ကျန်းကျန်းမာမာပဲ မဟုတ်လား

ငါကတော့ ဆီမီးခွက်လောက်ရှိတဲ့

တိုင်းငယ်ကလေးက ကဗျာဆရာပါ

သူရသတ္တိ ကြီးမားလှစွာ

နေပူ လေပူမှာ ခြေပူခံရင်း

အထူးထူး ဆန်းပြားသော ကဗျာတွေစပ်လို့ပေါ့

ဗင်းနစ်မြို့သား ကုန်သည်ကြီးရေ

မင်းနဲ့ငါ ပြဇာတ်သွားကြည့်ကြတာပေါ့ ။


ပျဉ်းမနားသား ကဗျာဆရာလေး ကိုသက်ရေ

ဝီလျံလင်းရေ

ခင်ဗျားစာတွေ ဖတ်ဖို့

ကျုပ် ပြည်ကိုလာဦးမယ်

ကျွန်တော့်ကို နှစ်အစိတ်လောက်

ထောက်ပံ့ခဲ့တဲ့ ခင်ဗျားကို

ကျုပ်ရဲ့ မြကျွန်းတက္ကသီလာကြီးလည်း

နှစ်ရှစ်ဆယ်

အရွယ်ရောက်ခဲ့ပါပြီဗျာ။


ညီမလေး

မမမြင့်ရေ မောင်နှမလိုနေကြမယ်

အနုပညာငှက်ကလေး ပျံတော့မယ်

မပြန်နိုင်သေး ညီမလေး

ညီမလေးရယ်

တောပွဲလေးမှာ ဆွေးရဦးမယ်

ရှင်ဥတ္တမကျော် ရွှေစက်တော်တောလား

ရတုဘုရင် နတ်လျှင်နောင် ပြည်နဝဒေး

နှမလက်လျော့

နေလေတော့ဟု

ချစ်ခွင့်မကြုံ

ညှိုးငယ် ရုံမျှ

'ငှက်သွင်ပျံကြွ မတတ်သော်တဲ့'

မပြန်နိုင်သေး

ညီမလေးရယ်

မပြန်နိုင်သေး

တောပွဲလေးမှာ 

ဆွေးရဦးမယ်ကွယ်

ပလိပ်မြို့ မြွေဘုရားပွဲမှာ

(မြိတ်) ဘိတ်မြို့ ညီငယ်ကဗျာဆရာလေး

ရဲဘုန်းခေါင်ရေ

မင်းကတော့ ဘိတ်အကျဆုံး

မကြာမတင်မှာတော့

မကြာခင်မှာတော့

မင်းရဲ့ မင်္ဂလာဖိတ်စာရယ်

ငါဖတ်ရမှာပါကွာ ။


သားလေးကို အားပေးပါဦးကွယ်

ကန့်လန့်ကာကြီးရယ် နေပါဦး

ကလို့ ကောင်းနေတုန်း

ရွာစားကြီးရယ် တီးလိုက်ပါဦး

ဆိုလို့ ကောင်းနေတုန်း

မိုးမိုး ချစ်လို့လား

မိုးမိုး လှလို့လား

ညီလေးမိုး ကျန်းမာပါစေ•••

မေတ္တာဖြင့် မောင်ချောနွယ် •••၊


         -မောင်ချောနွယ်



Comments

Post a Comment